Home

Slide 1
competitions-photo1
competiton-photo2
IMG_8739
IMG_8738
banner_1
comp-8
campus-photo5
campus-photo4
CNA_0208
viber_image_2023-12-04_15-22-42-390-1
comp-5
comp-4
previous arrow
next arrow

Programs


On campus programs

Normal Robotics Coding

  1. Early Robotics Coding  (4.5 year – 6 year)
  2. Junior Level Robotics Coding (7 year – 8 year)
    • Junior Level 1, 2, 3, 4
  3. Senior Level Robotics Coding (9 year – 10 year)
    • Senior Level 1, 2, 3, 4
  4. Master Level Robotics Coding (9 year – 10 year)
    • Master Level 1, 2, 3, 4

Special Robotics Coding

Special Class သည် Robotics Coding ဘာသာရပ်ကို One by One လေ့ကျင့်ပေးသော Course တစ်ခုဖြစ်သည်။

Normal Class နှင့် ကွာခြားချက်မှာ အသုံပြုထားသော Teaching Tools များနှင့် မိမိကြိုက်နှစ်သက်ရာ အချိန်တွင် One by One လာရောက်သင်ယူနိုင်ပါသည်။ မိမိ အရည်အချင်းနှင့် ကိုက်ညီသည့် Normal Class နှင့်မတူညီသော Project များကိုလည်း လုပ်ဆောင်ရပါမည်။

Special Class Section တစ်ခုတွင် တစ်ရက်ကို ကြာချိန် (၂)နာရီဖြင့် ငါးရက် သင်ယူရပါမည်။ သင်တန်းကြေးမှာ ၁၅၀၀၀၀ ကျပ် ဖြစ်ပါသည်။

online programs

Computer Science & Coding

  • Computer Science & Coding သည် Online မှ သင်ကြားပို့ချလျှက်ရှိသော Course တစ်ခု ဖြစ်ပါသည်။
  • Computer Science ဘာသာရပ်သည် ကျောင်းတွင် လိုအပ်သော Computer ပိုင်းဆိုင်ရာ Knowledge နှင့် Project အခြေခံသော Coding ရေးနည်းကိုပါ သင်ကြားပေးသော ဘာသာရပ်တစ်ခုဖြစ်သည်။
  • BBC မှ ထုတ်လုပ်ထားသည့် Micro bit ကိုအသုံးပြုပြီး Microsoft ၏ Makecode အပေါ်တွင် Coding ရေးရသည့်အတွက် စဉ်းစားတွေးခေါ်မှု၊ တီထွင်ကြံဆမှုနှင့် အာရုံစူးစိုက်မှု များတွင် အားကောင်းလာပြီး သင်္ချာစွမ်းရည်နှင့် ပြသနာဖြေရှင်းရာတွင်လည်း တိုးတက်လာပါသည်။
  • Level များကိုလည်း အောက်ပါအတိုင်း အသက်အရွယ် အလိုက် ခွဲခြား ထားပါသည်။
    • LEVEL-1 ( YEAR 8 ) LEVEL-2 ( YEAR 9 )
    • LEVEL-3 ( YEAR 10 ) LEVEL-4 ( YEAR 11+ )

Online Coding Class for Pre IGCSE Preparation

  • Online Coding သည် Pre IGCSE Preparation အတွက်  ရည်ရွယ်ပြီး Sentence များနှင့် ရေးရသော Coding ကို သင်ယူရသော ဘာသာရပ်ဖြစ်သည်။
  • အသက် ၁၁ နှစ် မှ ၁၃ နှစ်အတွင်း IGCSE လမ်းကြောင်းသို့ သွားရန် ရည်ရွယ်ထားသော ကျောင်းသားများအတွက် အသုံးဝင်သော Course တစ်ခုဖြစ်သည်။
  • IGCSE Course တွင် ပြဌာန်းထားသော သင်ရိုးညွှန်းတန်းအတိုင်း Coding ကို Python Language အခြေခံပြီး Sentence ရေးနိုင်သည်အထိ သင်ကြားပေးပါသည်။
  • အဆင့်သတ်မှတ်ချက်များကို Foundation Level, Level (1), Level (2) နှင့် Level (3) ဟူ၍ အဆင့်  (၄) ဆင့်ဖြင့် သတ်မှတ်ထားပြီး စတင်တက်ရောက်သူများအနေဖြင့် Level Test ဖြင့် အဆင့်များ သတ်မှတ်ပေးပါသည်။ သင်တန်းကာလမှာ နှစ်လခွဲခန့်ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်လျှင် နှစ်ရက်၊ တစ်ရက်တွင် တစ်နာရီခွဲ သတ်မှတ်ထားပါသည်။

Competitions


01.

WRC 2023 Competition

In Bangkok, Thailand

02.

Local competition 2023

In Yangon, Myanmar

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပသော World Robots Contest (WRC) ပြိုင်ပွဲတွင် Titan EDU မှ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေ နှင့် အသင်းနှစ်သင်းဖြင့် ထိုင်းနိုင်ငံတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

Middle School Level တွင် မြန်မာကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော Titan Team သည်  ထိုင်းနိုင်ငံရှိ ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်များ၊ မလေးရှား၊ ဟောင်ကောင်၊ တရုတ်၊မက်ဆီကိုနှင့် ကင်ညာ နိုင်ငံများကို ကျော်လွန်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ပါသည်။

About US


ကုမ္ပဏီမိတ်ဆက်

Titan Source ကုမ္ပဏီ သည် 2012 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာ နည်းပညာ ကိုအခြေခံသော Business Process Outsourcing (BPO) ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ၏ လျှပ်စစ် မီတာဘေလ် ထုတ်ဝေခြင်းဆိုင်ရာ ဘဏ္ဍာရေး နှင့်သက်ဆိုင်သော ကွန်ပျူတာစနစ် ကို နေပြည်တော်တွင် ၂၀၁၂ မှ ၂၀၁၈ ထိ လည်းကောင်း၊ ရန်ကုန်တွင် ၂၀၁၂ မှ ၂၀၂၂ ထိလည်းကောင်း၊ မန္တလေးတွင် ၂၀၁၄ မှ ယနေ့ ထိ လစဉ် လျှပ်စစ်သုံးစွဲသူ Consumer ၁၅ သိန်း ဝန်းကျင်ကို အောင်မြင်စွာ စီမံ ခန့်ခွဲ၍ ဝန်ဆောင်မှုပေးခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ဆောက်လုပ်ရေးလုပ်ငန်း များ

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ

ရန်ကုန်တွင် FMI Decaux Company အတွက်Bus ကား မှတ်တိုင် (၁၅၀)  အဆင့်မြှင့်တင်ခြင်း လုပ်ငန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင်  Titan Source Company  ရုံးခွဲ ကို   ဖွင့်လှစ် ထား ရှိ ကာ Titan Academy အမည်ဖြင့် Mathematics & STEM ပညာသင်ကြားသည့် ကျောင်းဖွင့်လှစ်၍ ပညာရေး လုပ် ငန်း များ ဆောင် ရွက် ခဲ့ပါသည်။

Titan EDU မိတ်ဆက်

Titan EDU သည် Technology နှင့် ပတ်သက်သည့် ဗဟုသုတများနှင့် သင်ခန်းစာများဖြစ်သော STEAM Education ကို အများနည်းတူ နောက်မကျစေဘဲ သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ပြန်လည်စတင်ချိန်တွင် Titan School အမည်ဖြင့် ရန်ကုန်မြို့တွင် Robotics Coding Class များဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၃ နှောင်းပိုင်းတွင် အခြားပညာရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန်ဖြစ်သည့်အတွက် Titan School အား Titan EDU (Education & Robotics Coding Center) အမည်သို့ ပြောင်းလဲခဲ့ပါသည်။၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် Titan EDU ကျောက်ပန်းတောင်းကျောင်းခွဲကို ဖွင့်လှစ်နိုင်ခဲ့သည်။

Titan EDU၏ ထူးခြားချက်မှာ University of Computer Studies (UCSY) ကျောင်းဆင်းများဖြင့် ဖွဲ့စည်းထားသည်သာမက သင်ကြားရေးအပိုင်းတွင်လည်း မြန်မာနိုင်ငံ မှ ကျင်းပသော Myanmar STEM Competition တွင် ကိုယ်တိုင် Champion ဆုများရရှိခဲ့သည့်အပြင်၊  နိုင်ငံခြားမှ World Robots Contest (WRC) တွင်လည်း ချန်ပီယံဆုများ ရရှိသည်အထိ Coach အဖြစ် ဆောင်ရွက်ခဲ့သော ထက်မြက်သည့် ဆရာများဖြင့်  Robotics Coding Class များပို့ချလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပသော World Robots Contest (WRC) ပြိုင်ပွဲတွင် Titan EDU မှ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေ နှင့် အသင်းနှစ်သင်းဖြင့် ထိုင်းနိုင်ငံတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

Middle School Level တွင် မြန်မာကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော Titan Team သည်  ထိုင်းနိုင်ငံရှိ ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်များ၊ မလေးရှား၊ ဟောင်ကောင်၊ တရုတ်၊မက်ဆီကိုနှင့် ကင်ညာ နိုင်ငံများကို ကျော်လွန်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ပါသည်။

ထိုမှတဆင့် WRC ပြိုင်ပွဲကို ကြီးမှူးကျင်းပသော တရုတ်နိုင်ငံရှိ ZMROBO ကုမ္ပဏီနှင့်လည်း Technology နှင်ပတ်သက်သည့် ပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေလွယ်ကူစေရန်နှင့် Educational Kits များကို မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဝေနိုင်ရန်အတွက် Titan EDU မှ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် (Exclusive Partnership) အဖြစ် လက်တွဲခွင့်ရရှိခဲ့ပါသည်။

Titan EDU ၏ ရည်ရွယ်ချက်မှာ Robotics Coding နှင့်ပတ်သက်သော နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြုများကို အမြောက်အမြား မွေးထုတ်ပေးနိုင်ရန် ဖြစ်သည့်အတွက် နှစ်စဉ် မြန်မာနိုင်ငံအတွင်း Summer Robots Competition များနှစ်စဉ် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ ထိုမှတဆင့် နိုင်ငံတကာ ပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသော မြန်မာနိုင်ငံကိုယ်စားပြုများကိုလည်း ပို့ဆောင်ပေးနိုင်ရန် စီစဉ်ပေးလျက်ရှိသည်။

MEET OUR TEAM

U TIN AUNG WIN

FOUNDER

U ARKAR SOE

DIRECTOR

U KYAW PE TIN

ACADEMIC DIRECTOR

U HTOO MYAT LIN

DIRECTOR

TR. PAING WAI YAN KHANT

EDUCATOR

TR. KYAW YE AUNG

EDUCATOR

TR. MYAT PHOO THIT

EDUCATOR

TR. MYO

EDUCATOR

TR. PHYO THUZAR

EDUCATOR

TR. HLAINE NU WAI

EDUCATOR

TR. TIN TIN NYO

EDUCATOR

TR. NYILAR HTUN

EDUCATOR

OUR BUSINESS PARTNERS


TITAN EDU (ကျောက်ပန်းတောင်း)

Titan EDU ၏ Business Partner များမှ ကျောင်းခွဲတစ်ခုဖြစ်သည့် ကျောက်ပန်းတောင်းမြို့ Titan EDU ကျောင်းမှ သားသားမီးမီးများ စာသင်နေသည့် ပုံရိပ်များ ဖြစ်ပါသည်။

ကောင်းမြတ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း

Titan EDU ၏ Business Partner များမှ ကျောင်းတစ်ကျောင်းဖြစ်သည့် ရန်ကုန်မြို့ ကောင်းမြတ်သာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ သားသားမီးမီးများ စာသင်နေသည့် ပုံရိပ်များဖြစ်ပါသည်။

ပညာမဏ္ဍိုင် ကိုယ်ပိုင်အထက်တန်းကျောင်း

Titan EDU ၏ Business Partner များမှ ကျောင်းတစ်ကျောင်းဖြစ်သည့် စစ်ကိုင်းမြို့ ပညာမဏ္ဍိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ သားသားမီးမီးများ စာသင်နေသည့် ပုံရိပ်များ ဖြစ်ပါသည်။

CONTACT US


CONTACT TITAN EDU

No(719) Ngar Man Aung Pagoda St, 33 Ward, North Dagon, Yangon, Myanmar, 11421
09 978 386155
trnan.titanedu@gmail.com